Law of the Jungle in Kato Manado
အားလုံးနဲ့ ရင်းနှီးကြတဲ့ အစီအစဉ်လေးတစ်ခုဖြစ်တဲ့ Law of Jungle အစီအစဉ်လေးပါ ။
ဒီအစီအစဉ်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက စိတ်လှုပ်ရှားဖွယ်ရာ တောထဲတောင်ထဲတွေကို သွားရောက်ပြီး သဘာ၀အတိုင်း အသက်ရှင်နေထိုင်မှုနဲ့ စားသောက်နေထိုင်မှုတိုကို လက်တွေ့ကျကျ ပေါ်လွင်အောင်တင်ဆက်ထားတဲ့ နာမည်ကြီး အစီအစဉ်ကောင်းလေးတစ်ခုပါ ။
သိကြတဲ့အတိုင်း ဒီအစီအစဉ်မှာဆိုရင် နာမည်ကြီး အနုပညာရှင်တွေလည်း ဧည့်သည်အနေနဲ့ပါ၀င်ကြပြီး သဘာ၀အတိုင်းနေထိုင်စားသောက်မှု ပုံစံမှာ ပင်ပန်းစွာနဲ့ ရုန်းကန်လှုပ်ရှားကြရတာပဲဖြစ်ပါတယ်။
ဒီတစ်ခေါက်ရဲ့ guest အနေနဲ့ ပါ၀င်လာမယ့်သူကတော့ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းမှာ လူသိများကျော်ကြားပြီးတော့အောင်မြင်မှုတွေအများကြီးရနေတဲ့ 𝐁𝐓𝐒 အဖွဲထဲက
အကြီးဆုံး အစ်ကိုကြီးဖြစ်တဲ့ 𝐉𝐢𝐧 အပါအဝင် 𝐂𝐡𝐞𝐧𝐠 𝐗𝐢𝐚𝐨, 𝐆𝐨𝐧𝐠 𝐌𝐲𝐮𝐧𝐠, 𝐒𝐥𝐞𝐞𝐩𝐲, 𝐒𝐨𝐥 𝐁𝐢 တိုက ပါ၀င်ထားတာပဲဖြစ်ပါတယ်။
ခက်ခဲပင်ပန်းလွန်းတဲ့ Manado မှာ ဘယ်လို ဖြတ်သန်းသွားမလဲဆိုတာကိုတော့ ဒီအစီအစဉ်လေးမှာ စောင့်ကြည့်ကြရအောင်ပါနော်။